သိန္းတစ္ေသာင္းခြဲ ကံထူးရွင္ ထြက္ေပၚလာပါျပီ…။

ယေန႔ စက္တင္ဘာလ ၁ ရက္ေန႔တြင္ ထြက္ရွိလာသည့္ (၁၉) ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ သရက္ၿမိဳင္ရဲရိပ္သာမွ မယမင္းစံက ဆြတ္ခူးခဲ့ေၾကာင္း သိရသည္။

ေရႊျမန္မာႏွစ္ေစာင္တြဲထီလက္မွတ္ ေပါက္မဲနံပါတ္ ပ-၃ဝ၇၆၆၆ ျဖင့္ က်ပ္သိန္းတစ္ေသာင္းခြဲဆြတ္ခူးခဲ့ျခင္းျဖစ္သည္။

က်ပ္သိန္းတစ္ေသာင္းခြဲကံထူးရွင္ မယမင္းစံက“အဲ့ဒီနံပါတ္ကို ႀကိဳက္လို႔ ေရြးလိုက္တာပါ။ ညီမတို႔႐ုံးက မန္ေနဂ်ာအမဆီကဝယ္တာ။ သူက တစ္ဆင့္ယူလာၿပီး ေရာင္းေပးတာ။ ထီေပါက္တယ္ေျပာတုန္းက ယုံေတာင္မယုံနိုင္ ဘူး။ အရမ္းေပ်ာ္ပါတယ္။ အေဖဆိုရင္ မ်က္ရည္ေတာင္က်ပါတယ္” ဟု ေျပာသည္။

လစဥ္တိုင္း ေနရာႏွစ္ေနရာခြဲၿပီး ထီထိုးေလ့ရွိေသာ္လည္း ယခင္က ထီဆုမေပါက္ဖူးဘဲ ယခုပထမဆုံးအႀကိမ္အျဖစ္ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ဆြတ္ခူးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

က်ပ္သိန္းတစ္ေသာင္းခြဲကံထူးရွင္ မယမင္းခိုင္သည္ အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး ကုမၸဏီဝန္ထမ္းတစ္ဦးျဖစ္သည္။ ၎၏ အစ္မေတာ္စပ္သူမွာ ရဲဝန္ထမ္းတစ္ဦးျဖစ္ေသာေၾကာင့္ ရဲရိပ္သာတြင္ မိသားစုႏွင့္ အတူေနထိုင္ လၽွက္ရွိၿပီး ဆုေငြမ်ားျဖင့္ အလႉအတန္းျပဳလုပ္ၿပီး မိသားစုေနထိုင္ရန္ အိမ္တစ္လုံးဝယ္သြားရန္ရည္ရြယ္ထားေၾကာင္းဆိုသည္။

“ညီမကေတာ့ ဘုရားတည္မယ္ရွင့္။ ေစတီတည္မယ္ေပါ့ေနာ္။ ၿပီးရင္ အေမတို႔အတြက္ အိမ္ဝယ္ေပးမွာေပါ့ေနာ္။ အေမတို႔ကိုပဲ အကုန္ေပးမွာဆိုေတာ့။ ၿပီးရင္ေတာ့ အျပင္လုပ္ငန္းတစ္ခုလုပ္မယ္လို႔ စဥ္းစားထားတယ္ရွင့္” ဟု မယမင္းခိုင္က ေျပာသည္။

ယခုလအတြက္ ေအာင္ဘာေလထီထဲတြင္ ဆုေၾကးအျမင့္ဆုံးထဲတြင္တစ္ခုအပါအဝင္ျဖစ္ေသာ က်ပ္သိန္းတစ္ေသာင္းဆု သ- ၈၂၈၇ဝ၉ ကို လားရွိုးၿမိဳ႕ မိုးယံေရႊလမင္းႏွင့္ ျမတ္ဆုကုေဋထီဆိုင္မွ ဝယ္ယူသြားသည့္ ဦးမင္းခိုင္ ကဆြတ္ခူးခဲ့ေၾကာင္းလည္း သိရသည္။

(၁၉ )ႀကိမ္ေျမာက္ေအာင္ဘာေလထီထီဖြင့္ပြဲအတြက္ ထီလက္မွတ္ေရာင္းခ်ရေငြ၏ ၆ဝ ရာခိုင္ႏႈန္းႏွင့္ သတ္မွတ္ကာလအတြင္း လာေရာက္ထုတ္ယူျခင္းမရွိေသာ ဆုမဲမ်ား၏ ဘ႑ာသိမ္းရေငြမွ က်ပ္သန္း ၂၅ဝ ကို ထည့္သြင္း ကာ ထီဆုမ်ားခ်ီးျမႇင့္ခဲ့ျခင္း ျဖစ္သည္။

Crd : Mizzia

#ေအာင္ဘာေလ #က်ပ္သိန္းတစ္ေသာင္းခြဲဆု #မရမ္းကုန္းၿမိဳ႕နယ္ #သရက္ၿမိဳင္ရဲရိပ္သာ

unicode

ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထွက်ရှိလာသည့် (၁၉) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သရက်မြိုင်ရဲရိပ်သာမှ မယမင်းစံက ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ရွှေမြန်မာနှစ်စောင်တွဲထီလက်မှတ် ပေါက်မဲနံပါတ် ပ-၃ဝရ၆၆၆ ဖြင့် ကျပ်သိန်းတစ်သောင်းခွဲဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင် မယမင်းစံက“အဲ့ဒီနံပါတ်ကို ကြိုက်လို့ ရွေးလိုက်တာပါ။ ညီမတို့ရုံးက မန်နေဂျာအမဆီကဝယ်တာ။ သူက တစ်ဆင့်ယူလာပြီး ရောင်းပေးတာ။ ထီပေါက်တယ်ပြောတုန်းက ယုံတောင်မယုံနိုင် ဘူး။ အရမ်းပျော်ပါတယ်။ အဖေဆိုရင် မျက်ရည်တောင်ကျပါတယ်” ဟု ပြောသည်။

လစဉ်တိုင်း နေရာနှစ်နေရာခွဲပြီး ထီထိုးလေ့ရှိသော်လည်း ယခင်က ထီဆုမပေါက်ဖူးဘဲ ယခုပထမဆုံးအကြိမ်အဖြစ် ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင် မယမင်းခိုင်သည် အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည်။ ၎င်း၏ အစ်မတော်စပ်သူမှာ ရဲဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ရဲရိပ်သာတွင် မိသားစုနှင့် အတူနေထိုင် လျှက်ရှိပြီး ဆုငွေများဖြင့် အလှူအတန်းပြုလုပ်ပြီး မိသားစုနေထိုင်ရန် အိမ်တစ်လုံးဝယ်သွားရန်ရည်ရွယ်ထားကြောင်းဆိုသည်။

“ညီမကတော့ ဘုရားတည်မယ်ရှင့်။ စေတီတည်မယ်ပေါ့နော်။ ပြီးရင် အမေတို့အတွက် အိမ်ဝယ်ပေးမှာပေါ့နော်။ အမေတို့ကိုပဲ အကုန်ပေးမှာဆိုတော့။ ပြီးရင်တော့ အပြင်လုပ်ငန်းတစ်ခုလုပ်မယ်လို့ စဉ်းစားထားတယ်ရှင့်” ဟု မယမင်းခိုင်က ပြောသည်။

ယခုလအတွက် အောင်ဘာလေထီထဲတွင် ဆုကြေးအမြင့်ဆုံးထဲတွင်တစ်ခုအပါအဝင်ဖြစ်သော ကျပ်သိန်းတစ်သောင်းဆု သ- ၈၂၈ရဝ၉ ကို လားရှိုးမြို့ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ဝယ်ယူသွားသည့် ဦးမင်းခိုင် ကဆွတ်ခူးခဲ့ကြောင်းလည်း သိရသည်။

(၁၉ )ကြိမ်မြောက်အောင်ဘာလေထီထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းချရငွေ၏ ၆ဝ ရာခိုင်နှုန်းနှင့် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅ဝ ကို ထည့်သွင်း ကာ ထီဆုများချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Crd : Mizzia

#အောင်ဘာလေ #ကျပ်သိန်းတစ်သောင်းခွဲဆု #မရမ်းကုန်းမြို့နယ် #သရက်မြိုင်ရဲရိပ်သာ

City mart ေရေက်ာ္ Toilet ထဲ အခုေလးတင္မွ ျဖစ္သြားတာပါ…

city mart ေရေက်ာ္ ကိုယ္ေတြ ဆိုင္အေပၚ Toilet ထဲ အခုေလးတင္ ျဖစ္သြားတာ

အန္တီႀကီးတစ္ေယာက္ လည္ပင္းကိုလွီးၿပီး ဆြဲႀကိဳးျဖတ္သြားတာ အန္တီႀကီးကိုေတာ ့ေဆး႐ုံကားနဲ႔ ေခၚသြားၿပီေတာ့ေျပာတယ္ …။

လုပ္တဲ့သူက ေကာင္မေလး တဲ့ …။

မိသြားတယ္ေတာ ့ေျပာပါတယ္။ ေကာင္မေလးက ငယ္ငယ္ေလးပါ …။

ရင္ေတြတုန္ၿပီးလန႔္လိုက္တာဆိုတာ ဟိုေန႔ကလည္း ဆိုင္နားမွာ အလစ္သုတ္ေျပးလို႔ လိုက္ဖမ္းၾကတာလဲ ေတြ႕လိုက္ရပါတယ္ …။

အမေလးဘာေတြေတာင္ျဖစ္ကုန္တာလဲ လူျမင္ကြင္းေနရာေတာင္ မေရွာင္ၾကေတာ့ပါလားေနာ္ …။😖😖😖

အကုန္လံုးက က်ပ္တည္းေနတဲ႔ အခ်ိန္မို႔ သတိထားၾကပါ …။

အျပင္ထြက္ရင္လည္း တန္ဖိုးၾကီးေတြကို မ၀တ္ပါနဲ႔ေနာ္ …။

ေခတ္ၾကီးက မေကာင္းေတာ႕ဘူး။ အရမ္းအႏၱရာယ္ မ်ားပါတယ္ …။

Credit JuJu Plus Size Online Shop

Unicode

city mart ရေကျော် ကိုယ်တွေ ဆိုင်အပေါ် Toilet ထဲ အခုလေးတင် ဖြစ်သွားတာ

အန်တီကြီးတစ်ယောက် လည်ပင်းကိုလှီးပြီး ဆွဲကြိုးဖြတ်သွားတာ အန်တီကြီးကိုတော့ဆေးရုံကားနဲ့ ခေါ်သွားပြီတော့ပြောတယ် …။

လုပ်တဲ့သူက ကောင်မလေး တဲ့ …။

မိသွားတယ်တော့ပြောပါတယ်။ ကောင်မလေးက ငယ်ငယ်လေးပါ …။

ရင်တွေတုန်ပြီးလန့်လိုက်တာဆိုတာ ဟိုနေ့ကလည်း ဆိုင်နားမှာ အလစ်သုတ်ပြေးလို့ လိုက်ဖမ်းကြတာလဲ တွေ့လိုက်ရပါတယ် …။

အမလေးဘာတွေတောင်ဖြစ်ကုန်တာလဲ လူမြင်ကွင်းနေရာတောင် မရှောင်ကြတော့ပါလားနော် …။😖😖😖

အကုန်လုံးက ကျပ်တည်းနေတဲ့ အချိန်မို့ သတိထားကြပါ …။

အပြင်ထွက်ရင်လည်း တန်ဖိုးကြီးတွေကို မဝတ်ပါနဲ့နော် …။

ခေတ်ကြီးက မကောင်းတော့ဘူး။ အရမ်းအန္တရာယ် များပါတယ် …။

Credit JuJu Plus Size Online Shop