အရမ္းေကာင္းတယ္ဖတ္ၿပီးရင္ ရွယ္လိုက္ပါ အေမ့ကို အာခံ၍ျပန္မေျပာခင္

အရမ္းေကာင္းတယ္ဖတ္ၿပီးရင္ ရွယ္လိုက္ပါ အေမ့ကို အာခံ၍ျပန္မေျပာခင္

တစ္ခုေသာ နံနက္ခင္းအထက္တန္းေက်ာင္းသားအရြယ္ေကာင္ေလးတစ္ေယာက္အားအိပ္ယာမသိမ္းမိလို႔မိခင္ျဖစ္သူက”ထမင္းစားခ်ိန္မွန္းလဲမသိအျပင္ထြက္လည္းမိဘဆီ ခြင့္မတိုင္ၾကည့္စမ္း ဘယ္အခ်ိန္ရွိေနၿပီလဲတစ္ေနကုန္ ဂိမ္းေဆာ့ေန. . .”အစရွိသျဖင့္ဆူပူႀကိမ္းေမာင္းကာသားျဖစ္သူကသီးမခံနိုင္လို႔

“ဟာဗ်ာ…အေမကလည္းက်ေနာ္က ကေလးမဟုတ္ေတာ့ဘူးတစ္ေန႔လုံး ဗ်စ္ေတာက္ဗ်စ္ေတာက္နဲ႔နားၿငီးတယ္…က်ေနာ့္ဟာ က်ေနာ္ ႀကိဳက္သလိုေနေပါ့အေမမစပ္စုခ်င္ပါနဲ႔…”လို႔ သူ႔အေမကိုအသံႀကီးဟစ္က်ယ္နဲ႔ျပန္ေျပာခဲ့တယ္…

အေမကတစ္လွည့္သားကတစ္လွည့္စကားမ်ားၾကရာကအနီးအနားမွာထိုင္ေနတဲ့အေဖျဖစ္သူကၾကားျပန္ေျဖတဲ့အေနနဲ႔သူ႔သားကိုေခၚလိုက္ပါတယ္။”သားေရ…အေဖ့ဆီလာပါဦးကြာ”သားျဖစ္သူကေျခေဆာင့္ရင္းအိမ္ေပၚကေနဆင္းသြားၿပီးအေဖေခၚရာကိုလိုက္ခဲ့ပါတယ္…အေဖျဖစ္သူကသားပခုံးကို လွမ္းဖက္ရင္းအျပင္ဘက္ကို လမ္းေလၽွာက္ထြက္ခဲ့ပါတယ္။

“သား..ဘာျဖစ္လို႔အေမ့ကိုျပန္ေျပာေနရတာလဲ””အေဖကလည္းက်ေနာ္က ကေလးမွမဟုတ္ေတာ့တာေန႔တိုင္းလိုလို က်ေနာ့္ကိုအျပစ္ျမင္ေနတယ္ေန႔တိုင္း ဆူပူေနတယ္က်ေနာ္ ဒီအိမ္မွာ မေနခ်င္ေတာ့ဘူးေဖေဖရယ္”

“ေအာ္..သားကေမေမ့ဆိုဆုံးမစကားေတြဆူတယ္လို႔ထင္ေနတာကိုးေမေမ မဆူေအာင္ေမေမ့ေျပာတဲ့အတိုင္းငါ့သားေနေပါ့ကြ””ေဖေဖလည္း ေမေမ့လိုပဲသားကို မခ်စ္ဘူးေပါ့ “”မဟုတ္ပါဘူးသားရယ္ဘယ္မိဘကမွ ကိုယ့္သားသမီးကိုလမ္းမွားမေရာက္ေစခ်င္ဘူးၾကိဳတင္တားဆီးတဲ့အေနနဲ႔ေျပာဆိုဆုံးမေနတာ”

“ေတာ္ၿပီ..ေဖေဖလည္းေမေမ့လိုပဲသားကို အေကာင္းမျမင္ဘူးဆူဖို႔ပဲ””ကဲ ေဖေဖတစ္ခုေျပာမယ္ေသခ်ာနားေထာင္””ဘာေျပာမွာလဲေဖေဖသားနားေထာင္ေနတယ္””သားက ေမေမ့ကိုတစ္ခြန္းမက်န္အာခံျပန္ေျပာတယ္ေနာ္သားေသခ်ာစဥ္းစား”

“သား ျပန္ေျပာမွာေပါ့ေဖေဖေန႔တိုင္း ဗ်စ္ေတာက္ဗ်စ္ေတာက္ဆိုေတာ့ သား နားၿငီးတယ္”ကဲ ဒါဆိုေဖေဖ အခ်က္ ၁၀ ခ်က္ေျပာျပမယ္အဲဒီအခ်က္ ၁၀ ခ်က္လုံးသားလိုက္နာနိုင္ရင္သားေမ့ေမ့ကို ႀကိဳက္သလိုအာခံၿပီးျပန္ေျပာလို႔ရၿပီ””ေျပာပါ ေဖေဖ သားနားေထာင္ပါ့မယ္””ဒါဆိုေသခ်ာနားေထာင္

၁။ သုံးလတိတိ သားထမင္းစားၿပီးတိုင္းအန္နိုင္မလား ၊

၂။ သားရဲ့ဝမ္းဗိုက္ထဲေဘာလုံးထည့္ၿပီးႀကီးမားလာေအာင္ တစ္လတစ္ခါေရထိုးသြင္းမယ္ တစ္ဆယ္လတိုင္တိုင္သားအေလးခံၿပီး သယ္ထားနိုင္မလား ၊

၃။ ေကာ္ဖီ ၊ လက္ဖက္ရည္ ၊ကိုယ္ႀကိဳက္တဲ့မုန္႔ အစားအစာေတြမစားပဲ ေျခာက္လတိုင္တိုင္အငတ္ခံေနနိုင္မလား ၊

၄။ ညညအိပ္ရင္လည္းဗယ္ညာ မေစာင္းပဲၿငိမ္ၿငိမ္ေလးနဲ႔၅ လတိုင္တိုင္ အိပ္နိုင္မလား ၊

၅။ ၈ လတိုင္တိုင္ေဆာ့ကစားတာတို႔ ေလၽွာက္လည္တာတို႔ကခုန္တာတို႔မလုပ္ပဲ အိမ္ထဲမွာပဲ ေနနိုင္မလား ၊

၆။ နာဖ်ားလို႔မရွိေအာင္ကိုယ့္ကိုဂ႐ုစိုက္ေနရလို႔ႀကိဳက္တဲ့အစားအေသာက္ေတြမစားပဲေနမယ္နာဖ်ားခဲ့ရင္ေတာင္ေဆးေတြစိတ္ႀကိဳက္စားခြင့္မရွိပဲ၁၀ လအထိ သားေနနိုင္လား ၊

၇။ ၁၄ နာရီအၾကာအသက္နဲ႔ရင္းၿပီးနာက်င္ ကိုက္ခဲတဲ့ေဝဒနာသားခံနိုင္မလား ၊

၈။ ကိုယ့္နို႔သီးေခါင္းကိုကိုက္ရင္နာေပမယ့္ ၁၀ လအထိ ေအာင့္အည္းသီးခံနိူင္မလား ၊

၉။ ခ်ီးေတြ ၊ ေသးေတြ ၊အန္ဖတ္ေတြ ၂ ႏွစ္တိုင္တိုင္သားကၾကဳံးနိုင္မလား ၊

၁၀။ ညညဆိုရင္လည္းႏွစ္နာရီတစ္ခါတစ္ႏွစ္လုံးလုံးအိပ္ေရးပ်က္ခံၿပီးထနိုင္မလား ။ကဲ…သား အဲဒီအခ်က္၁၀ ခ်က္ လိုက္နာလို႔နိုင္မလား…?

တစ္ကယ္လို႔ သားကတစ္ခ်က္မက်န္ လိုက္နာနိုင္ရင္ေမေမ့ကို ႀကိဳက္သလိုအာခံၿပီးျပန္ေျပာလို႔နိုင္ၿပီ”သားျဖစ္သူက ေခတၱမွိုင္ၿပီးအေတြးတစ္ခုဝင္လာကာ”ဟုတ္ကဲ့ေဖေဖသားနားလည္ပါၿပီေနာက္ဘယ္ေတာ့မွေမေမ့ကိုေရာ ေဖေဖ့ကိုပါသားျပန္မေျပာေတာ့ပါဘူးလို႔သားကတိေပးပါတယ္ေဖေဖ”

“ကဲ..သားလိမၼာေလးေမေမ့ကို ဝန္ခ်ေတာင္းပန္ၿပီးကန္ေတာ့လိုက္ေနာ္ “သားလိမ္မာသမီးလိမၼာေလးျဖစ္ၾကပါေစ ။

ခရစ္ဒစ္_မူရင္းေရးသားသူ နဲ႔ မူရင္းဖိုတို။

Unicode

အရမ်းကောင်းတယ်ဖတ်ပြီးရင် ရှယ်လိုက်ပါ အမေ့ကို အာခံ၍ပြန်မပြောခင်

တစ်ခုသော နံနက်ခင်းအထက်တန်းကျောင်းသားအရွယ်ကောင်လေးတစ်ယောက်အားအိပ်ယာမသိမ်းမိလို့မိခင်ဖြစ်သူက”ထမင်းစားချိန်မှန်းလဲမသိအပြင်ထွက်လည်းမိဘဆီ ခွင့်မတိုင်ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲတစ်နေကုန် ဂိမ်းဆော့နေ. . .”အစရှိသဖြင့်ဆူပူကြိမ်းမောင်းကာသားဖြစ်သူကသီးမခံနိုင်လို့

“ဟာဗျာ…အမေကလည်းကျနော်က ကလေးမဟုတ်တော့ဘူးတစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့နားငြီးတယ်…ကျနော့်ဟာ ကျနော် ကြိုက်သလိုနေပေါ့အမေမစပ်စုချင်ပါနဲ့…”လို့ သူ့အမေကိုအသံကြီးဟစ်ကျယ်နဲ့ပြန်ပြောခဲ့တယ်…

အမေကတစ်လှည့်သားကတစ်လှည့်စကားများကြရာကအနီးအနားမှာထိုင်နေတဲ့အဖေဖြစ်သူကကြားပြန်ဖြေတဲ့အနေနဲ့သူ့သားကိုခေါ်လိုက်ပါတယ်။”သားရေ…အဖေ့ဆီလာပါဦးကွာ”သားဖြစ်သူကခြေဆောင့်ရင်းအိမ်ပေါ်ကနေဆင်းသွားပြီးအဖေခေါ်ရာကိုလိုက်ခဲ့ပါတယ်…အဖေဖြစ်သူကသားပခုံးကို လှမ်းဖက်ရင်းအပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။

“သား..ဘာဖြစ်လို့အမေ့ကိုပြန်ပြောနေရတာလဲ””အဖေကလည်းကျနော်က ကလေးမှမဟုတ်တော့တာနေ့တိုင်းလိုလို ကျနော့်ကိုအပြစ်မြင်နေတယ်နေ့တိုင်း ဆူပူနေတယ်ကျနော် ဒီအိမ်မှာ မနေချင်တော့ဘူးဖေဖေရယ်”

“အော်..သားကမေမေ့ဆိုဆုံးမစကားတွေဆူတယ်လို့ထင်နေတာကိုးမေမေ မဆူအောင်မေမေ့ပြောတဲ့အတိုင်းငါ့သားနေပေါ့ကွ””ဖေဖေလည်း မေမေ့လိုပဲသားကို မချစ်ဘူးပေါ့ “”မဟုတ်ပါဘူးသားရယ်ဘယ်မိဘကမှ ကိုယ့်သားသမီးကိုလမ်းမှားမရောက်စေချင်ဘူးကြိုတင်တားဆီးတဲ့အနေနဲ့ပြောဆိုဆုံးမနေတာ”

“တော်ပြီ..ဖေဖေလည်းမေမေ့လိုပဲသားကို အကောင်းမမြင်ဘူးဆူဖို့ပဲ””ကဲ ဖေဖေတစ်ခုပြောမယ်သေချာနားထောင်””ဘာပြောမှာလဲဖေဖေသားနားထောင်နေတယ်””သားက မေမေ့ကိုတစ်ခွန်းမကျန်အာခံပြန်ပြောတယ်နော်သားသေချာစဉ်းစား”

“သား ပြန်ပြောမှာပေါ့ဖေဖေနေ့တိုင်း ဗျစ်တောက်ဗျစ်တောက်ဆိုတော့ သား နားငြီးတယ်”ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက်ပြောပြမယ်အဲဒီအချက် ၁၀ ချက်လုံးသားလိုက်နာနိုင်ရင်သားမေ့မေ့ကို ကြိုက်သလိုအာခံပြီးပြန်ပြောလို့ရပြီ””ပြောပါ ဖေဖေ သားနားထောင်ပါ့မယ်””ဒါဆိုသေချာနားထောင်

၁။ သုံးလတိတိ သားထမင်းစားပြီးတိုင်းအန်နိုင်မလား ၊

၂။ သားရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီးကြီးမားလာအောင် တစ်လတစ်ခါရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင်သားအလေးခံပြီး သယ်ထားနိုင်မလား ၊

၃။ ကော်ဖီ ၊ လက်ဖက်ရည် ၊ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေမစားပဲ ခြောက်လတိုင်တိုင်အငတ်ခံနေနိုင်မလား ၊

၄။ ညညအိပ်ရင်လည်းဗယ်ညာ မစောင်းပဲငြိမ်ငြိမ်လေးနဲ့၅ လတိုင်တိုင် အိပ်နိုင်မလား ၊

၅။ ၈ လတိုင်တိုင်ဆော့ကစားတာတို့ လျှောက်လည်တာတို့ကခုန်တာတို့မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား ၊

၆။ နာဖျားလို့မရှိအောင်ကိုယ့်ကိုဂရုစိုက်နေရလို့ကြိုက်တဲ့အစားအသောက်တွေမစားပဲနေမယ်နာဖျားခဲ့ရင်တောင်ဆေးတွေစိတ်ကြိုက်စားခွင့်မရှိပဲ၁၀ လအထိ သားနေနိုင်လား ၊

၇။ ၁၄ နာရီအကြာအသက်နဲ့ရင်းပြီးနာကျင် ကိုက်ခဲတဲ့ဝေဒနာသားခံနိုင်မလား ၊

၈။ ကိုယ့်နို့သီးခေါင်းကိုကိုက်ရင်နာပေမယ့် ၁၀ လအထိ အောင့်အည်းသီးခံနိူင်မလား ၊

၉။ ချီးတွေ ၊ သေးတွေ ၊အန်ဖတ်တွေ ၂ နှစ်တိုင်တိုင်သားကကြုံးနိုင်မလား ၊

၁၀။ ညညဆိုရင်လည်းနှစ်နာရီတစ်ခါတစ်နှစ်လုံးလုံးအိပ်ရေးပျက်ခံပြီးထနိုင်မလား ။ကဲ…သား အဲဒီအချက်၁၀ ချက် လိုက်နာလို့နိုင်မလား…?

တစ်ကယ်လို့ သားကတစ်ချက်မကျန် လိုက်နာနိုင်ရင်မေမေ့ကို ကြိုက်သလိုအာခံပြီးပြန်ပြောလို့နိုင်ပြီ”သားဖြစ်သူက ခေတ္တမှိုင်ပြီးအတွေးတစ်ခုဝင်လာကာ”ဟုတ်ကဲ့ဖေဖေသားနားလည်ပါပြီနောက်ဘယ်တော့မှမေမေ့ကိုရော ဖေဖေ့ကိုပါသားပြန်မပြောတော့ပါဘူးလို့သားကတိပေးပါတယ်ဖေဖေ”

“ကဲ..သားလိမ္မာလေးမေမေ့ကို ဝန်ချတောင်းပန်ပြီးကန်တော့လိုက်နော် “သားလိမ်မာသမီးလိမ္မာလေးဖြစ်ကြပါစေ ။

ခရစ်ဒစ်_မူရင်းရေးသားသူ နဲ့ မူရင်းဖိုတို။

Leave a Comment