စစ္ေတြေဆး႐ုံ က ကိုဗစ္ လူနာေတြ အေျခအေနေကာင္း

စစ္ေတြေဆး႐ုံ က ကိုဗစ္ လူနာေတြ အေျခအေနေကာင္း

၃၀ ၾသဂုတ္ ၂၀၂၀

စစ္ေတြေဆး႐ုံက ကိုဗစ္လူနာ အမ်ားစုဟာ စိုးရိမ္စရာ မရွိဘဲ ေယဘုယ် အေနအထားအရ အေတာ္မ်ားမ်ားဟာ အေျခအေနကာင္းမြန္တယ္လို႔ စစ္ေတြ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္လြင္က ဘီဘီစီကိုေျပာပါတယ္။

စစ္ေတြ ေဆး႐ုံမွာ ကိုဗစ္လူနာအျဖစ္ ကုသေနသူ ၁၇၂ ဦးအနက္ လူနာ ၃ ဦး ကို ဂ႐ုစိုက္ ကုသေပးေနရၿပီး၊ဒါဟာလည္း ကိုဗစ္ေရာဂါေၾကာင့္ မဟုတ္ဘဲ ဆီးခ်ိဳနဲ႔ အဆုတ္နဲ႔ပတ္သက္တဲ့ ယခင္ေရာဂါေတြေၾကာင့္ ျဖစ္တယ္လို႔လည္း သူက ရွင္းျပပါတယ္။

ကိုဗစ္ လူနာ ၃ဦး ကို အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသေပးေနရတယ္ဆိုတဲ့ သတင္းေတြ နဲ႔ ပတ္သက္လို႔လည္း မဟုတ္မွန္ေၾကာင္း ေဒါက္တာေဇာ္လြင္ က ေျပာပါတယ္။

စစ္ေတြေဆး႐ုံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ လူနာ ၁၇၂ ဦး ေက်ာ္အနက္ အမ်ားစုဟာ ျပင္းျပင္းထန္ထန္ ခံစားရတဲ့ ေရာဂါလကၡဏာ မျပၾကေၾကာင္းနဲ႔ သူတို႔ဟာ လူနာေဆာင္မွာပဲ ကုသမႈေတြ ခံယူေနၾကေၾကာင္းလည္း သူက ရွင္းျပပါတယ္။

စစ္ေတြေဆး႐ုံဟာ လက္ရွိ အေနအထားအရ ကိုဗစ္လူနာေတြကို နိုင္နိုင္နင္းနင္း ကုသနိုင္တယ္လို႔ေျပာ

ၾသဂုတ္၃၀ ရက္ေန႔ ည ၈နာရီ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ႕သူ လူနာသစ္ ၂၆ ဦးထပ္မံ ေတြ႕ရွိခဲ့ၿပီးေတာ့ ရခိုင္ျပည္နယ္ က ၂၁ ဦးနဲ႔ ရန္ကုန္က ၅ ဦးပါဝင္လာတာ ေတြ႕ရပါတယ္။

ၾသဂုတ္၃၀ ရက္ေန႔ ညပိုင္း ေရာဂါပိုးေတြ႕သူေတြစာရင္းမွာေတာ့ စစ္ေတြက ကိုရိုနာဗိုင္းရပ္စစ္ ပိုးေတြ႕ရွိသူ လူနာ ၈ ဦးသာပါဝင္တာ ေတြ႕ရပါတယ္။

အခု လက္ရွိ ၾသဂုတ္၃၀ ရက္ေန႔ ည ၈နာရီ အခ်ိန္အထိ ျမန္မာနိုင္ငံမွာ အတည္ျပဳလူနာေပါင္း ၇၇၅ ဦး၊ ေသဆုံးသူေပါင္း ၆ဦးနဲ႔ ပိုးကင္းစင္သူေပါင္း ၃၅၂ဦး ရွိေနၿပီ ျဖစ္ပါတယ္။

စစ္ေတြေဆး႐ုံကို ကိုဗစ္လူနာ ၂၀၀ တက္ေရာက္ ကုသနိုင္ဖို႔ တိုးခ်ဲ႕ ျပင္ဆင္ထားသလို လက္ရွိ စစ္ေတြေဆး႐ုံႀကီးမွာ လူနာ ၁၃၅ ဦးနဲ႔ သူနာျပဳအေဆာင္မွာ လူနာ ၃၀ ေက်ာ္နဲ႔ ႏွစ္ခုေပါင္း ၁၇၂ ဦးခန္႔ ကုသလ်က္ရွိတယ္လို႔လည္း ဆရာဝန္ႀကီးေဒါက္တာေဇာ္လြင္ ကေျပာပါတယ္။

စစ္ေတြေဆး႐ုံမွာ ေနာက္ထပ္ ကိုဗစ္ လူနာ ၆၀ ေလာက္အတြက္ ေနရာရွိေသးသလို တိုင္းရင္းေဆး႐ုံမွာ လည္းလူနာ ၅၀ ေပါင္း ကိုဗစ္ လူနာ ၁၁၀ ေလာက္ကို လက္ခံ ကုသေပးနိုင္တဲ့ အေနအထားရွိတယ္လို႔လည္း သူကရွင္းျပပါတယ္။

ေနာက္ထပ္ ကိုဗစ္လူနာ ၁၀၀ ေက်ာ္အတြက္ စစ္ေတြမွာ အသင့္ျပင္ထား

ၾသဂုတ္လ တတိယပတ္ကစလို႔ သီတင္းတစ္ပတ္ေက်ာ္ အခ်ိန္တိုအတြင္း ကိုဗစ္ ကူးစက္သူ ၂၀၀ ေက်ာ္ရွိခဲ့တဲ့ ရခိုင္ျပည္နယ္က ကူးစက္မႈေတြကို စမ္းသပ္ၾကည့္ခဲ့ရာမွာ ကနဦးရလဒ္ေတြအရ ရခိုင္မွာျဖစ္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ဟာ မ်ိဳးဗီဇ ေျပာင္းၿပီး ကူးစက္မႈႏႈန္းျမန္တဲ့ ဗိုင္းရပ္စ္ျဖစ္ေနတယ္ဆိုတာကို ေတြ႕ရွိခဲ့တယ္လို႔ ေဆးသုေတသနဦးစီးဌာနထံက သိရပါတယ္။

အဲဒီ ကူးစက္မႈေတြဟာ ကမၻာ့နိုင္ငံတခ်ိဳ႕မွာ ပ်ံ႕ႏွံ့ျဖစ္ပြားေနတဲ့ မ်ိဳးဗီဇေျပာင္း ဗိုင္းရပ္စ္ ဟုတ္မဟုတ္ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ေဆးသုေတသန ဦးစီးဌာနက စစ္ေဆးခဲ့တာမွာ အခုလို ေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ အဲဒီဌာနက ဒုတိယညႊန္ၾကားေရးမႉး ေဒါက္တာျမတ္ထြဋ္ညြန႔္က ဘီဘီစီကိုေျပာပါတယ္။

ေတြ႕ရွိခ်က္ေတြအရ အဲဒီပိုးကူးစက္ပ်ံႏွံ့မႈက ပုံမွန္ထက္ ၁၀ ဆ ေလာက္အထိ ျမန္တယ္လို႔ သူက ေျပာပါတယ္။

ျပင္းထန္မႈကေတာ့ အရင္အမ်ိဳးအစားနဲ႔ အခုအမ်ိဳးအစားက သိပ္မကြာျခားေၾကာင္းနဲ႔ ေလ့လာမႈ တစ္ခုလုံး ၿပီးစီးရင္ေတာ့ ဒီမ်ိဳးဗီဇက ဘယ္ေဒသက မ်ိဳးဗီဇလည္းဆိုတာ သိနိုင္မယ္လို႔ ဆိုပါတယ္။

စစ္ေတြၿမိဳ႕မွာ အိမ္မွာပဲေနၾကဖို႔ အမိန္႔ထုတ္ထား

စစ္ေတြေဆး႐ုံကေတာ့ ကိုဗစ္လူနာေတြ အတြက္ အခုစီစဥ္တဲ့ေနရာေတြမွာ မလုံေလာက္ေတာ့မွသာ စစ္ေတြ တကၠသိုလ္ကို ေဆး႐ုံအျဖစ္ ကုသတဲ့ သူေတြ ထားရွိဖို႔အတြက္ ေဆာင္ရြက္ဖို႔ စီစဥ္ထားတယ္လို႔လည္း စစ္ေတြေဆး႐ုံအုပ္ႀကီးက ဘီဘီစီကို ရွင္းျပပါတယ္။

ရခိုင္ျပည္နယ္မွာ အမ်ားစု ကူးစက္ခံေနရသူေတြကေတာ့ စစ္ေတြက ျဖစ္ၿပီးေတာ့ စစ္ေတြက ကိုရိုနာဗိုင္းရပ္စစ္ ကူးစက္မႈဟာ ျမန္တယ္ မ်ားတယ္လို႔ ေျပာလို႔ရေၾကာင္းနဲ႔ သို႔ေသာ္လည္း ေရာဂါလကၡဏာက မျပင္းထန္ေၾကာင္းလည္း ေဒါက္တာေဇာ္လြင္ က ရွင္းျပပါတယ္။

စစ္ေတြေဆး႐ုံဟာ ကူးစက္ေရာဂါ အထူးကုသတဲ့ ေဆး႐ုံသီးသန္႔ မဟုတ္တာေၾကာင့္ လူနာေတြ နဲ႔ ကုသတဲ့ ဆရာဝန္ေတြ အၾကားထိေတြဆက္ဆံရာမွာ အားနည္းခ်က္အခ်ိဳ႕ရွိေၾကာင္းလည္း စစ္ေတြမွာ ေစတနာ့ဝန္ထမ္းအျဖစ္ လာေရာက္ကုသေပးေနတဲ့ ဆရာဝန္တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

အခုလို ကိုဗစ္လူနာေတြရွိသလို ကိုဗစ္ေရာဂါမဟုတ္တဲ့ လူနာေတြကိုလည္းစစ္ေတြမွာ ကုသေပးေန ရေၾကာင္းနဲ႔ အဲဒီလူနာေတြၾကားမွာ ကူးစက္မႈ မရွိေအာင္စီစဥ္ေပးရေၾကာင္း စစ္ေတြေဆး႐ုံက ဆရာဝန္ေတြကေျပာပါတယ္။

အခုအခါ စစ္ေတြေဆး႐ုံကို ေစတနာ့ဝန္ထမ္း ၈၀ ေက်ာ္ေရာက္ရွိေနၿပီးေတာ့ အလႊာအသီးသီးက ကၽြမ္းက်င္သူတြပါလာတာရယ္၊ အေဆာက္အအုံနဲ႔ လူနာအေနအထား၊ လက္ရွိ ကုသရမႈ အေနအထားေတြဟာ၊ အဆင္ေျပတယ္ နိုင္နိုင္နင္းနင္း ကုသနိုင္တဲ့ အေနအထားရွိတယ္လို႔ ေျပာလို႔ရေၾကာင္း စစ္ေတြ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္လြင္ ကေျပာပါတယ္။

Credit….BBC News Burmese.

unicode

စစ်တွေဆေးရုံ က ကိုဗစ် လူနာတွေ အခြေအနေကောင်း

၃၀ သြဂုတ် ၂၀၂၀

စစ်တွေဆေးရုံက ကိုဗစ်လူနာ အများစုဟာ စိုးရိမ်စရာ မရှိဘဲ ယေဘုယျ အနေအထားအရ အတော်များများဟာ အခြေအနေကာင်းမွန်တယ်လို့ စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဘီဘီစီကိုပြောပါတယ်။

စစ်တွေ ဆေးရုံမှာ ကိုဗစ်လူနာအဖြစ် ကုသနေသူ ၁၇၂ ဦးအနက် လူနာ ၃ ဦး ကို ဂရုစိုက် ကုသပေးနေရပြီး၊ဒါဟာလည်း ကိုဗစ်ရောဂါကြောင့် မဟုတ်ဘဲ ဆီးချိုနဲ့ အဆုတ်နဲ့ပတ်သက်တဲ့ ယခင်ရောဂါတွေကြောင့် ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

ကိုဗစ် လူနာ ၃ဦး ကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေရတယ်ဆိုတဲ့ သတင်းတွေ နဲ့ ပတ်သက်လို့လည်း မဟုတ်မှန်ကြောင်း ဒေါက်တာဇော်လွင် က ပြောပါတယ်။

စစ်တွေဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာ ၁၇၂ ဦး ကျော်အနက် အများစုဟာ ပြင်းပြင်းထန်ထန် ခံစားရတဲ့ ရောဂါလက္ခဏာ မပြကြကြောင်းနဲ့ သူတို့ဟာ လူနာဆောင်မှာပဲ ကုသမှုတွေ ခံယူနေကြကြောင်းလည်း သူက ရှင်းပြပါတယ်။

စစ်တွေဆေးရုံဟာ လက်ရှိ အနေအထားအရ ကိုဗစ်လူနာတွေကို နိုင်နိုင်နင်းနင်း ကုသနိုင်တယ်လို့ပြော

သြဂုတ်၃၀ ရက်နေ့ ည ၈နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ လူနာသစ် ၂၆ ဦးထပ်မံ တွေ့ရှိခဲ့ပြီးတော့ ရခိုင်ပြည်နယ် က ၂၁ ဦးနဲ့ ရန်ကုန်က ၅ ဦးပါဝင်လာတာ တွေ့ရပါတယ်။

သြဂုတ်၃၀ ရက်နေ့ ညပိုင်း ရောဂါပိုးတွေ့သူတွေစာရင်းမှာတော့ စစ်တွေက ကိုရိုနာဗိုင်းရပ်စစ် ပိုးတွေ့ရှိသူ လူနာ ၈ ဦးသာပါဝင်တာ တွေ့ရပါတယ်။

အခု လက်ရှိ သြဂုတ်၃၀ ရက်နေ့ ည ၈နာရီ အချိန်အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၇၇၅ ဦး၊ သေဆုံးသူပေါင်း ၆ဦးနဲ့ ပိုးကင်းစင်သူပေါင်း ၃၅၂ဦး ရှိနေပြီ ဖြစ်ပါတယ်။

စစ်တွေဆေးရုံကို ကိုဗစ်လူနာ ၂၀၀ တက်ရောက် ကုသနိုင်ဖို့ တိုးချဲ့ ပြင်ဆင်ထားသလို လက်ရှိ စစ်တွေဆေးရုံကြီးမှာ လူနာ ၁၃၅ ဦးနဲ့ သူနာပြုအဆောင်မှာ လူနာ ၃၀ ကျော်နဲ့ နှစ်ခုပေါင်း ၁၇၂ ဦးခန့် ကုသလျက်ရှိတယ်လို့လည်း ဆရာဝန်ကြီးဒေါက်တာဇော်လွင် ကပြောပါတယ်။

စစ်တွေဆေးရုံမှာ နောက်ထပ် ကိုဗစ် လူနာ ၆၀ လောက်အတွက် နေရာရှိသေးသလို တိုင်းရင်းဆေးရုံမှာ လည်းလူနာ ၅၀ ပေါင်း ကိုဗစ် လူနာ ၁၁၀ လောက်ကို လက်ခံ ကုသပေးနိုင်တဲ့ အနေအထားရှိတယ်လို့လည်း သူကရှင်းပြပါတယ်။

နောက်ထပ် ကိုဗစ်လူနာ ၁၀၀ ကျော်အတွက် စစ်တွေမှာ အသင့်ပြင်ထား

သြဂုတ်လ တတိယပတ်ကစလို့ သီတင်းတစ်ပတ်ကျော် အချိန်တိုအတွင်း ကိုဗစ် ကူးစက်သူ ၂၀၀ ကျော်ရှိခဲ့တဲ့ ရခိုင်ပြည်နယ်က ကူးစက်မှုတွေကို စမ်းသပ်ကြည့်ခဲ့ရာမှာ ကနဦးရလဒ်တွေအရ ရခိုင်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းပြီး ကူးစက်မှုနှုန်းမြန်တဲ့ ဗိုင်းရပ်စ်ဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆေးသုတေသနဦးစီးဌာနထံက သိရပါတယ်။

အဲဒီ ကူးစက်မှုတွေဟာ ကမ္ဘာ့နိုင်ငံတချို့မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ဟုတ်မဟုတ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့တာမှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ဘီဘီစီကိုပြောပါတယ်။

တွေ့ရှိချက်တွေအရ အဲဒီပိုးကူးစက်ပျံနှံ့မှုက ပုံမှန်ထက် ၁၀ ဆ လောက်အထိ မြန်တယ်လို့ သူက ပြောပါတယ်။

ပြင်းထန်မှုကတော့ အရင်အမျိုးအစားနဲ့ အခုအမျိုးအစားက သိပ်မကွာခြားကြောင်းနဲ့ လေ့လာမှု တစ်ခုလုံး ပြီးစီးရင်တော့ ဒီမျိုးဗီဇက ဘယ်ဒေသက မျိုးဗီဇလည်းဆိုတာ သိနိုင်မယ်လို့ ဆိုပါတယ်။

စစ်တွေမြို့မှာ အိမ်မှာပဲနေကြဖို့ အမိန့်ထုတ်ထား

စစ်တွေဆေးရုံကတော့ ကိုဗစ်လူနာတွေ အတွက် အခုစီစဉ်တဲ့နေရာတွေမှာ မလုံလောက်တော့မှသာ စစ်တွေ တက္ကသိုလ်ကို ဆေးရုံအဖြစ် ကုသတဲ့ သူတွေ ထားရှိဖို့အတွက် ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့လည်း စစ်တွေဆေးရုံအုပ်ကြီးက ဘီဘီစီကို ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်မှာ အများစု ကူးစက်ခံနေရသူတွေကတော့ စစ်တွေက ဖြစ်ပြီးတော့ စစ်တွေက ကိုရိုနာဗိုင်းရပ်စစ် ကူးစက်မှုဟာ မြန်တယ် များတယ်လို့ ပြောလို့ရကြောင်းနဲ့ သို့သော်လည်း ရောဂါလက္ခဏာက မပြင်းထန်ကြောင်းလည်း ဒေါက်တာဇော်လွင် က ရှင်းပြပါတယ်။

စစ်တွေဆေးရုံဟာ ကူးစက်ရောဂါ အထူးကုသတဲ့ ဆေးရုံသီးသန့် မဟုတ်တာကြောင့် လူနာတွေ နဲ့ ကုသတဲ့ ဆရာဝန်တွေ အကြားထိတွေဆက်ဆံရာမှာ အားနည်းချက်အချို့ရှိကြောင်းလည်း စစ်တွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို ကိုဗစ်လူနာတွေရှိသလို ကိုဗစ်ရောဂါမဟုတ်တဲ့ လူနာတွေကိုလည်းစစ်တွေမှာ ကုသပေးနေ ရကြောင်းနဲ့ အဲဒီလူနာတွေကြားမှာ ကူးစက်မှု မရှိအောင်စီစဉ်ပေးရကြောင်း စစ်တွေဆေးရုံက ဆရာဝန်တွေကပြောပါတယ်။

အခုအခါ စစ်တွေဆေးရုံကို စေတနာ့ဝန်ထမ်း ၈၀ ကျော်ရောက်ရှိနေပြီးတော့ အလွှာအသီးသီးက ကျွမ်းကျင်သူတွပါလာတာရယ်၊ အဆောက်အအုံနဲ့ လူနာအနေအထား၊ လက်ရှိ ကုသရမှု အနေအထားတွေဟာ၊ အဆင်ပြေတယ် နိုင်နိုင်နင်းနင်း ကုသနိုင်တဲ့ အနေအထားရှိတယ်လို့ ပြောလို့ရကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင် ကပြောပါတယ်။

Credit….BBC News Burmese.

Leave a Comment